All artwork and text is copyrighted by kmkucsy, unless otherwise attributed to the respective copyright owner. It is illegal to publish, print or reproduce any such artwork or text without written permission by the artist or copyright owners.

Monday, May 27, 2013

Making Photo Realistic Digital Painting


ပထမဆုံးအနေနဲ့ ကောက်ကြောင်းနဲ့ စပါမယ်
ပြီးရင်တော့ အမှောင်ဆုံးဆို တဲ့အရောင်ကိုစတင်ပါမယ်( အပြည့်တင်ပါ..) opacity မလျှော့ပါနဲ့ 
နို့ မို့ ဆွဲရတာမသတ်သာပါဘူး
ကိုသုံးမယ့် အရောင်တွေကို တော့ အောက်ပါအတိုင်း မှောင်ရာမှ လင်းတဲ့ အရောင်ထိကြိုတင်သတ်မှတ်ပေးထားပါ့မယ်..

ကျနော် photoshop brush အကြောင်းပြောဖို့ ကျန်ခဲ့ပါတယ်..
အဲ့ဒါက အသက်ပါဘဲ..ကိုယ်ဆွဲမယ့်ပုံပေါ်မူတည်ပြီး… brush ကိုရွေးချယ်နိုင်ရပါမယ့် setting ကစားနိုင်ရပါမယ့်
မကြိုက်မချင်းပြန်ပြင် ပြန်ဆွဲ ပြန်စမ်းကြည့်ရပါမယ်.. အဲ့ဒါက အချိန်သိပ်မကြာပါဘူး ဒါပေမယ့် အရေးကြီးပါတယ်..
ခု ကျနော် preset brush no. 100 ကိုရွေးထားပါတယ်..
ဘာကြောင့်လဲဆိုတာသိသာပါတယ်..အသားဆိုတာနူးညံ့ရမယ်…မွမွလေးဖြစ်နေရပါမယ်
ခုရွေးပြီးပါပြီ.ဒါပေမယ့်ဒီအတိုင်းတော့သုံးလို့ မကောင်းပါဘူး.
Setting ထဲမှာ shape dynamics, Scattering, Other dynamics, smoothing ကစားရပါမယ်..
ပြီးရင် အလင်းအမှောင်ခွဲအောင်အကြမ်းဖြင်းဆွဲရပါမယ်။(ကြိုတင်သတ်မှတ်ထားတဲ့ အရောင်ကိုသုံးပါမယ်..
အရောင်ကွဲမထွက်အောင်ပါ..)


ပြီးရင် မျက်လုံးကိုစဆွဲပါမယ့်(ကျနော်ကတော့ တစ်ပုံလုံးကိုလေယာတစ်ခုထဲမှာပဲဆွဲပါတယ်..အဲ့ဒါမှ အရောင်ကိုသိမ်းလို့ ရပါတယ် (တနည်း) ညှိလို့ ရပါတယ်)..
ပုံပါအတိုင်းတွဲထားပြီး အရောင်စုပ်သုံးပါ့မယ်..
မျက်လုံးက အသက်ပါပဲ.. ဒါကိုလူတိုင်းသိပါတယ်..ဒါကြောင့်အသက်ဝင်ဖို့ လိုပါတယ်..


ပိုညက်မွတ်လာအောင် brush ပြောင်းသုံးပါ့မယ်..အကြမ်းအဆင့်ပြီးပါပြီ..(မျက်လုံးကတဖက်ဆွဲ
ပြီးရင် ထုံးစံအတိုင်း တဖက်ကိုပွါးပါ့မယ်..လိုတာနဲနဲ ထပ်ပြင်ရင်ရပါပြီ)
Soft bruh no 27, shape dynamics,  Scattering, Dural brush no. 43, other dynamics, smoothing..
ကျနော် အတိုင်းအဆကို မရေးပြတော့ပါ..(ကိုယ့်ဘာသာကို စမ်းသပ်ကြပါရန်)


မျက်လုံးပြီးရင် ပွါးပါမယ်..မျက်ခုံးဆွဲပါမယ်..
အသားအရောင်ကို opacity လျှော့ပြီးဆွဲရပါမယ်..မိတ်ကပ်ဖို့ သလိုပါ..( ၁၂% မှ ၄၀%ထိ အလျှော့အတင်းရှိပါမယ်)..


ပြီးရင်နှုတ်ခမ်းဆွဲပါမယ်..  brush tip shape no 45, roundness 1%,  shape dynamics/ size jitter :45%,
Scattering/ count: 5, Dural brush/ brush tip shape no: 75, Other dynamics/ opacity jitter: 60% & Flow jitter: 60%, Smoothing : on.
အထက်ဖော်ပြပါ.. brush ကိုသုံးပါမယ်..အဲ့ဒါမှ နှုတ်ခမ်းပေါ်က ကြွက်သားများပေါ်မှာဖြစ်ပါတယ်..


နောက်ဆုံး ဆံပင်ဆွဲပါမယ်.. အောက်ခံ အမှောင်ဆုံးအရောင်စတင်ပါ..
အမှောင်မှ အလင်းရောင် ကာလာများကို တဆင့်ချင်းတင်ပါ..
Preset brush no 100,  other dynamics နှင့် Preset brush no 3, 5, 9 တို့ ကိုသုံးပြီးစိတ်ရှည်ရှည်ဆွဲပါ..
သိလိုသည်များကို မေးမြန်နိုင်ပါတယ်..